အပိုင္း (၁) သင္ယူေလ့လာျခင္း / သင္ညာဆိုသည္မွာ မည္သည့္အရာနည္း။

lego_serious_play_pic

[Zawgyi]

သင္ယူေလ့လာျခင္း / သင္ညာဆိုသည္မွာ တက္ၾကြေသာလူမႈေရး ဖြ႕႔ံျဖိဳးတိုးတက္မႈ လုပ္ငန္းစဥ္တစ္ရပ္ ျဖစ္ပါသည္။ သင္ယူျခင္းသည္ ဆက္ႏြယ္မႈမ်ားကို ေလ့လာျခင္းျဖစ္သည္။ သင္ယူျခင္းသည္ အရာဝတၳဳတစ္ခုနွင့္ တစ္ခုဆက္စပ္မႈကို ေလ့လာျခင္းျဖစ္ပါသည္။ တစ္နည္းအားျဖင့္ဆိုေသာ္ ပညာသည္ဘ၀ေမြးဝမ္းေက်ာင္းအတြက္ နွင့္လူသားတစ္ေယာက္ပီသစြာ ေနနိုင္ေရးအတြက္ေလ့လာရျခင္းျဖစ္သည္။

သမားရိုးက် စာသင္ခန္းတြင္ သင္ၾကားေစျခင္းသည္ ဆရာ၊ ဆရာမမ်ားကဂိုေဒါင္မွ ပစၥည္းထုတ္ ယူသကဲ့ေသာ သင္ညာမ်ားကို အစုအပံုလိုက္ရွိေနသည့္ သိပၸံ၊ သခ်ာၤ၊ စာေပတို႔နွင့္ပတ္သတ္ေသာ အခ်က္အလက္ အထုတ္အပိုးမ်ားကို လွည္းေပၚမွ ေက်ာင္းသားမ်ား၏ ဦးေနွာက္မ်ားထံသို႕ ပို့ေဆာင္ေပးေသာနည္းျဖစ္ပါသည္။

သို႕ရာတြင္ ထိုနည္းစနစ္၌ ျပႆနာတစ္ရပ္ရွိေနပါသည္။ အဆိုပါအခ်က္အလက္ အထုပ္အပိုး မ်ား သည္မည္သည့္အခါမွ အမွန္တကယ္ဖြင့္ေဖာက္ခံရျခင္းမရွိသကဲ့သို႔ ဆက္လက္ထြင္းေဖာက္ ေလ့လာျခင္းမျပဳၾကဘဲ စုပံုေနျခင္းပင္ျဖစ္ပါသည္။ သင္ခန္းစာမ်ားမွာ ၄င္း၏ဦးေနွာက္ထဲတြင္ စြဲျမဲမေနေၾကာင္းနွင့္ အေၾကာင္းအရာ တစ္ခုနွင့္မွ်ဆက္ႏြယ္မႈမရွိဘဲ သီးျခားစီျဖစ္ကာ ေနာက္ပိုင္း ေမ့ေပ်ာက္သြားေၾကာင္း သတိျပဳလာမိပါမည္။ ထို႔အတူ ၄င္းအေနျဖင့္ အခ်က္အလက္တနင့္တပိုး ရရွိခဲ့ေသာ္လည္း၊ မည္သည့္အခါမွ် အမွန္တကယ္နားလည္သေဘာေပါက္မႈမရွိေၾကာင္း သိရွိရပါသည္။ ယခုအခါတြင္ အဆိုပါသင္ၾကားထားသည့္သင္ခန္းစာ အမ်ားစုမွာ ေမ့ေပ်ာက္ခဲ့ျပီ ျဖစ္ပါသည္။ သို႔ရာတြင္ တကြဲတျပားသီးျခားစီ သင္ယူသူမ်ားျဖစ္သည့္အတြက္ မည္သည့္အခါမွ် အဆိုပါကိစၥရပ္ကို ထုတ္ေဖာ္ ေျပာၾကားျခင္း မရွိၾကပါ။

၂၁ ရာစုပညာေရးမွာမူ ကြဲျပားေသာခ်ဥ္းကပ္မႈကိုအသံုးျပဳပါသည္။ ေက်ာင္းသားတစ္ဦးခ်င္းဆီသို႔ ဗဟုသုတမ်ား အစုလိုက္အျပံဳလိုက္သြတ္သြင္းမေပးပါ ၊ လူငယ္မ်ားအား ကိစၥရပ္မ်ားကို ၄င္းတို႔ကိုယ္တိုင္ ေဆာင္ရြတ္ေစျခင္းျဖင့္ အရာဝတၳဳမ်ားနွင့္ တရင္းတနွီးရွိေစရန္ကူညီေပးသည္။ အဆိုပါခ်ည္းကပ္မႈနည္းစနစ္ကို လြန္ခဲ့သည့္ ၁၅ နွစ္ �ေ လာက္က ကတုန္းကစတင္ခဲ့ပါသည္။ ဆရာ ၊ ဆရာမ မ်ားသည္သင္ၾကားမႈနည္းပညာ အေလ့အထကို ေျပာင္းလဲရန္နွင့္စာသင္ခန္းအတြင္းသို႔ ပညာမ်ားပိုမိုသယ္ေဆာင္လာရန္ လိုအပ္ပါသည္။ ေက်ာင္းသား ၊ ေက်ာင္းသူအားလံုးကိုလည္း သင္ယူေနစဥ္ ေအာင္ျမင္တိုးတက္မႈအား သတိထားရွိေစရန္လိုပါသည္။

နိုင္ငံတကာ ေက်ာင္းမ်ားတြင္ အသံုးျပဳေနေသာ ေျပာင္းလဲမႈသို႔ ဦးတည္သည့္သင္ေထာက္ကူ ကိရိယာမ်ားအသံုးျပဳျပီးပညာေရးဆိုင္ရာ စိတၱေဗဒ ပညာရွင္မ်ားနွင့္ ကေလးသူငယ္မ်ားနွင့္ အကၽြမ္းဝင္ေသာ ဆရာမ်ားက တီထြင္ေဖာ္ထုတ္ခဲ့သည့္ ရိုးရွင္းေသာလုပ္ငန္းစဥ္မ်ားျဖင့္ ပညာေရးအတြက္ တီထြင္ေသာ သင္ၾကားနည္းမ်ားသင္ၾကား ေနပါသည္။ ပညာေရးအတြက္အေလးအနက္ထားရာတြင္ ကေလးမ်ားအေနျဖင့္ ၄င္းတို႔သင္ယူေနသည့္ အယူအဆတစ္ရပ္ကို စဥ္းစားျပီးေနာက္ ဥပမာတင္စားမႈမ်ား (metaphors) တည္ေဆာက္ရန္ျဖစ္ပါသည္။ ၄င္းနည္းလမ္းသည္ ပိုမိုနားလည္သေဘာေပါက္ရန္လြယ္ကူေစပါသည္။

“ဒီမွာ၊ ကၽြန္ေတာ္ေပ်ာ္တယ္။ ဒီမွာ၊ ကၽြန္ေတာ္ဇေဝဇဝါျဖစ္ေနတယ္။” ယင္းေျပာစကားမ်ားက စာသင္ခန္းအတြင္းမွာ အာရံုစူးစိုက္မႈ၊ ခင္မင္ရင္းနီွးမႈနွင့္ အေထာက္အကူျဖစ္မႈရွိေၾကာင္း သိရွိေစပါသည္။ ယင္းေျပာစကားမ်ားက သင္ၾကားေနတဲ့ကဗ်ာတစ္ပုဒ္အေပၚ ရွင္းလင္းဖြင့္ဆိုမႈ အေျခအေနကို သိရွိေစပါသည္။ ရတနာမ်ိဳးစံုပါသည့္ ေသတၱာတခုကဲ့သို႔ပင္ ပါဝင္သည့္အေၾကာင္းအခ်က္ တစ္ခုခ်င္းကို ေက်ာင္းသား တစ္ဦးခ်င္းစီနွင့္ ေဆြးေႏြးနိုင္ပါသည္။

ပို၍သိပၸံနည္းက်ေသာ ယခုနည္းစနစ္က အနာဂတ္တြင္ ျပႆနာမ်ားအား ေျဖရွင္းရန္အတြက္ အတူတကြ အလုပ္လုပ္မည့္ အသိုက္အဝန္းလည္း တည္ထားျပီးျဖစ္ပါသည္။သင္ယူမႈလုပ္ငန္းစဥ္၏ မည္သည့္အဆင့္တြင္မဆို ပိုမိုနက္နဲသည့္ ႏႈိင္းဆဆင္ျခင္မႈနဲ႔ အျပန္အလွန္ေဆြးေႏြးမႈ လိုအပ္လာခဲ့လွ်င္ သင္ယူသူအေနျဖင့္ လုပ္ငန္းစဥ္ကို ေခတၱရပ္နားကာ၊ ေဆြးေႏြးမႈနဲ႔ စဥ္းစားမႈျပဳလုပ္ပါသည္။ ဤသည္မွာၾကြယ္ဝေသာ တိုင္ပင္ေဆြးေႏြးမႈျဖင့္ ထိုးသြင္းတီထြင္နိုင္စြမ္းရွိေသာ လူမႈေရးဆိုင္ရာ တည္ေဆာက္မႈနွင့္ ႏႈိင္းဆဆင္ျခင္မႈ အတိုင္းအတာသို႔ေရာက္ရွိလာျခင္း ျဖစ္ပါသည္။ ဆိုလိုသည္မွာ ဤအဆင့္တြင္ေက်ာင္းသားမ်ားသည္ သင္ၾကားမႈနွင့္အမွန္တကယ္ ဆက္စပ္မိသြားျပီ ျဖစ္ပါသည္။

ယခုသင္ၾကားမႈ နည္းစနစ္သည္ သမားရိုးက်အဆင္အလာသင္ၾကားမႈ နည္းစနစ္မ်ားနဲ႔ကြဲျပား ျခားနားပါသည္။ သို႔ရာတြင္ ေက်ာင္းသားမ်ားဆင္ဆက္မျပတ္ သင္ယူ၍ ၄င္းတို႔သည္ပိုမိုၾကြယ္ဝ၍ ပိုမို နက္နဲသည့္ နားလည္မႈမ်ားရရွိေနၾကျပီး၊ အေၾကာင္းအရာမ်ားကို ပိုမိုမွတ္မိၾကပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ၄င္းတို႔၏ သင္ယူမႈသည္ သူငယ္ခ်င္းမ်ားအတူတကြ သင္ယူခဲ့ၾကျပီး၊ ၄င္းတို႔တည္ေဆာက္၍ စူးစမ္းေလ့လာထားေသာ အရာ၀တၳဳမ်ား၊ စြဲျမဲလ်က္ရွိေသာ ျဖစ္စဥ္မ်ားနွင့္ ဆက္စပ္မိသည့္အတြက္ ျဖစ္ပါသည္။
သမားရိုးက်စာသင္ခန္းတြင္ ဆရာမကေမးသည့္အေျဖမ်ားကို ေျဖဆိုရန္ လက္ေထာင္သူမွာ အစဥ္အျမဲ ေျဖဆိုေနက် တစ္ဦး၊ နွစ္ဦးခန္႔စာသာ ရွိပါသည္။ စနစ္သစ္စာသင္ခန္းအတြင္း၌မူ ေက်ာင္းသားတစ္ဦးစီမွ ေျဖ ၾကားမႈမ်ားရွိေနပါသည္။ ၄င္းမွာအေလးအနက္ထား ေက်ာင္းသားကို ဗဟိုျပဳပါသည္။ ေက်ာင္းသားကိုယ္စီ တည္ေဆာက္သကဲ့သို႔ ပါဝင္ေဆြးေႏြးပါသည္။ ၄င္းတို႔သည္ တစ္ဦး၏အၾကံဥာဏ္နွင့္ ျဖစ္စဥ္ဆိုင္ရာ ရွင္းလင္းေျပာ ၾကားမႈမ်ားကို အျပန္အလွန္ နားေထာင္ပါသည္။ သို႔ျဖစ္ရာေက်ာင္းသားတိုင္း ပူးေပါင္းပါဝင္ျပီး တစ္ဦးနွင့္တစ္ဦး ဆက္သြယ္၊ ဆက္စပ္လ်က္ရွိပါသည္။ ၄င္းတို႔သည္ ပိုမိုစိတ္ပါဝင္စားမႈ ရွိကာ၊ ၄င္းတို႔၏သင္ယူမႈကို ၄င္းပိုင္ဆိုင္သည္ဟု ခံစားရပါသည္။ အေတာ္အတန္ရိုးရွင္း၍ အမွန္တကယ္ ထိေရာက္ေသာနည္းစနစ္ ျဖစ္ပါသည္။ သင္ရိုးညႊန္းတန္းမ်ားအတြင္း သင္ယူမႈနည္းစနစ္ကို ျပဳျပင္ေျပာင္းလဲျခင္း ျဖစ္ပါသည္။ အေလးအနက္ထားသင္ၾကားျခင္းျဖင့္ ဆက္သြယ္ျခင္း၊ ခ်င့္ခ်ိန္ႏိႈင္းဆျခင္းနွင့္ ေလ့လာသင္ယူျခင္း ျဖစ္ပါသည္။

ေပ်ာ္ရႊင္ကစာမႈျဖင့္ သင္ယူျခင္း ( Playful Learning ) နွင့္ဦးေဆာင္လမ္းညႊန္မႈျဖင့္ သင္ယူျခင္း ( Guided Learning ) နွစ္မ်ိဳးလံုးမွာ မူၾကိဳအဆင့္ သင္ၾကားေရးတြင္ လြန္စြာအေရးၾကီးပါသည္။ ဆရာမ်ား အေနျဖင့္ ကေလးငယ္မ်ားေအာင္ျမင္စြာ ေဆာင္ရြက္နိုင္မည့္ အရာကိုရွာေဖြသည့္အခါ သဘာဝခ်င္း ျခားနားမႈရွိသည့္ ဗဟိုခ်က္မ်ား / အဓိကအၾကာင္းအရာမ်ားအလိုက္ သင့္ေလ်ာ္သည့္နည္းလမ္းကို အသံုးျပဳရပါသည္။ ေရတြက္ျခင္း သို႔မဟုတ္စာလံုးမ်ားေရးသားျခင္း ကဲ့သို႔ ကိစၥရပ္မ်ားတြင္ မည္သည့္အဆင့္ထိ ေဆာင္ရြက္နိုင္သည္ကို အကဲျဖတ္ရပါသည္။ ထို႔ေၾကာင့္ဦးေဆာင္လမ္းညႊန္မႈျဖင့္ သင္ၾကားျခင္းကိုလည္း တစ္စိတ္တစ္ေဒသ ထည့္သြင္းရျခင္းျဖစ္ပါသည္။ ေခတ္သစ္ပညာေရးက အဆုိပါျခားနားမႈရွိသည့္ အဓိကအေၾကာင္းအရာမ်ားမွ မွန္းဆခ်က္ကို အမွန္တကယ္ထုတ္ယူေပးပါသည္။

[Unicode]

အပိုင်း (၁) သင်ယူလေ့လာခြင်း / သင်ညာဆိုသည်မှာ မည်သည့်အရာနည်း။

သင်ယူလေ့လာခြင်း / သင်ညာဆိုသည်မှာ တက်ကြွသောလူမှုရေး ဖွ့့ံဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။ သင်ယူခြင်းသည် ဆက်နွယ်မှုများကို လေ့လာခြင်းဖြစ်သည်။ သင်ယူခြင်းသည် အရာဝတ္ထုတစ်ခုနှင့် တစ်ခုဆက်စပ်မှုကို လေ့လာခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပညာသည်ဘဝမွေးဝမ်းကျောင်းအတွက် နှင့်လူသားတစ်ယောက်ပီသစွာ နေနိုင်ရေးအတွက်လေ့လာရခြင်းဖြစ်သည်။

သမားရိုးကျ စာသင်ခန်းတွင် သင်ကြားစေခြင်းသည် ဆရာ၊ ဆရာမများကဂိုဒေါင်မှ ပစ္စည်းထုတ် ယူသကဲ့သော သင်ညာများကို အစုအပုံလိုက်ရှိနေသည့် သိပ္ပံ၊ သချာင်္၊ စာပေတို့နှင့်ပတ်သတ်သော အချက်အလက် အထုတ်အပိုးများကို လှည်းပေါ်မှ ကျောင်းသားများ၏ ဦးနှောက်များထံသို့ ပို့ဆောင်ပေးသောနည်းဖြစ်ပါသည်။

သို့ရာတွင် ထိုနည်းစနစ်၌ ပြဿနာတစ်ရပ်ရှိနေပါသည်။ အဆိုပါအချက်အလက် အထုပ်အပိုး များ သည်မည်သည့်အခါမှ အမှန်တကယ်ဖွင့်ဖောက်ခံရခြင်းမရှိသကဲ့သို့ ဆက်လက်ထွင်းဖောက် လေ့လာခြင်းမပြုကြဘဲ စုပုံနေခြင်းပင်ဖြစ်ပါသည်။ သင်ခန်းစာများမှာ ၄င်း၏ဦးနှောက်ထဲတွင် စွဲမြဲမနေကြောင်းနှင့် အကြောင်းအရာ တစ်ခုနှင့်မျှဆက်နွယ်မှုမရှိဘဲ သီးခြားစီဖြစ်ကာ နောက်ပိုင်း မေ့ပျောက်သွားကြောင်း သတိပြုလာမိပါမည်။ ထို့အတူ ၄င်းအနေဖြင့် အချက်အလက်တနင့်တပိုး ရရှိခဲ့သော်လည်း၊ မည်သည့်အခါမျှ အမှန်တကယ်နားလည်သဘောပေါက်မှုမရှိကြောင်း သိရှိရပါသည်။ ယခုအခါတွင် အဆိုပါသင်ကြားထားသည့်သင်ခန်းစာ အများစုမှာ မေ့ပျောက်ခဲ့ပြီ ဖြစ်ပါသည်။ သို့ရာတွင် တကွဲတပြားသီးခြားစီ သင်ယူသူများဖြစ်သည့်အတွက် မည်သည့်အခါမျှ အဆိုပါကိစ္စရပ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိကြပါ။

၂၁ ရာစုပညာရေးမှာမူ ကွဲပြားသောချဉ်းကပ်မှုကိုအသုံးပြုပါသည်။ ကျောင်းသားတစ်ဦးချင်းဆီသို့ ဗဟုသုတများ အစုလိုက်အပြုံလိုက်သွတ်သွင်းမပေးပါ ၊ လူငယ်များအား ကိစ္စရပ်များကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွတ်စေခြင်းဖြင့် အရာဝတ္ထုများနှင့် တရင်းတနှီးရှိစေရန်ကူညီပေးသည်။ အဆိုပါချည်းကပ်မှုနည်းစနစ်ကို လွန်ခဲ့သည့် ၁၅ နှစ် �ေ လာက်က ကတုန်းကစတင်ခဲ့ပါသည်။ ဆရာ ၊ ဆရာမ များသည်သင်ကြားမှုနည်းပညာ အလေ့အထကို ပြောင်းလဲရန်နှင့်စာသင်ခန်းအတွင်းသို့ ပညာများပိုမိုသယ်ဆောင်လာရန် လိုအပ်ပါသည်။ ကျောင်းသား ၊ ကျောင်းသူအားလုံးကိုလည်း သင်ယူနေစဉ် အောင်မြင်တိုးတက်မှုအား သတိထားရှိစေရန်လိုပါသည်။

နိုင်ငံတကာ ကျောင်းများတွင် အသုံးပြုနေသော ပြောင်းလဲမှုသို့ ဦးတည်သည့်သင်ထောက်ကူ ကိရိယာများအသုံးပြုပြီးပညာရေးဆိုင်ရာ စိတ္တဗေဒ ပညာရှင်များနှင့် ကလေးသူငယ်များနှင့် အကျွမ်းဝင်သော ဆရာများက တီထွင်ဖော်ထုတ်ခဲ့သည့် ရိုးရှင်းသောလုပ်ငန်းစဉ်များဖြင့် ပညာရေးအတွက် တီထွင်သော သင်ကြားနည်းများသင်ကြား နေပါသည်။ ပညာရေးအတွက်အလေးအနက်ထားရာတွင် ကလေးများအနေဖြင့် ၄င်းတို့သင်ယူနေသည့် အယူအဆတစ်ရပ်ကို စဉ်းစားပြီးနောက် ဥပမာတင်စားမှုများ ( metaphors ) တည်ဆောက်ရန်ဖြစ်ပါသည်။ ၄င်းနည်းလမ်းသည် ပိုမိုနားလည်သဘောပေါက်ရန်လွယ်ကူစေပါသည်။

“ဒီမှာ၊ ကျွန်တော်ပျော်တယ်။ ဒီမှာ၊ ကျွန်တော်ဇဝေဇဝါဖြစ်နေတယ်။” ယင်းပြောစကားများက စာသင်ခန်းအတွင်းမှာ အာရုံစူးစိုက်မှု၊ ခင်မင်ရင်းနှီးမှုနှင့် အထောက်အကူဖြစ်မှုရှိကြောင်း သိရှိစေပါသည်။ ယင်းပြောစကားများက သင်ကြားနေတဲ့ကဗျာတစ်ပုဒ်အပေါ် ရှင်းလင်းဖွင့်ဆိုမှု အခြေအနေကို သိရှိစေပါသည်။ ရတနာမျိုးစုံပါသည့် သေတ္တာတခုကဲ့သို့ပင် ပါဝင်သည့်အကြောင်းအချက် တစ်ခုချင်းကို ကျောင်းသား တစ်ဦးချင်းစီနှင့် ဆွေးနွေးနိုင်ပါသည်။
ပို၍သိပ္ပံနည်းကျသော ယခုနည်းစနစ်က အနာဂတ်တွင် ပြဿနာများအား ဖြေရှင်းရန်အတွက် အတူတကွ အလုပ်လုပ်မည့် အသိုက်အဝန်းလည်း တည်ထားပြီးဖြစ်ပါသည်။
သင်ယူမှုလုပ်ငန်းစဉ်၏ မည်သည့်အဆင့်တွင်မဆို ပိုမိုနက်နဲသည့် နှိုင်းဆဆင်ခြင်မှုနဲ့ အပြန်အလှန်ဆွေးနွေးမှု လိုအပ်လာခဲ့လျှင် သင်ယူသူအနေဖြင့် လုပ်ငန်းစဉ်ကို ခေတ္တရပ်နားကာ၊ ဆွေးနွေးမှုနဲ့ စဉ်းစားမှုပြုလုပ်ပါသည်။ ဤသည်မှာကြွယ်ဝသော တိုင်ပင်ဆွေးနွေးမှုဖြင့် ထိုးသွင်းတီထွင်နိုင်စွမ်းရှိသော လူမှုရေးဆိုင်ရာ တည်ဆောက်မှုနှင့် နှိုင်းဆဆင်ခြင်မှု အတိုင်းအတာသို့ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဤအဆင့်တွင်ကျောင်းသားများသည် သင်ကြားမှုနှင့်အမှန်တကယ် ဆက်စပ်မိသွားပြီ ဖြစ်ပါသည်။

ယခုသင်ကြားမှု နည်းစနစ်သည် သမားရိုးကျအဆင်အလာသင်ကြားမှု နည်းစနစ်များနဲ့ကွဲပြား ခြားနားပါသည်။ သို့ရာတွင် ကျောင်းသားများဆင်ဆက်မပြတ် သင်ယူ၍ ၄င်းတို့သည်ပိုမိုကြွယ်ဝ၍ ပိုမို နက်နဲသည့် နားလည်မှုများရရှိနေကြပြီး၊ အကြောင်းအရာများကို ပိုမိုမှတ်မိကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့၏ သင်ယူမှုသည် သူငယ်ချင်းများအတူတကွ သင်ယူခဲ့ကြပြီး၊ ၄င်းတို့တည်ဆောက်၍ စူးစမ်းလေ့လာထားသော အရာဝတ္ထုများ၊ စွဲမြဲလျက်ရှိသော ဖြစ်စဉ်များနှင့် ဆက်စပ်မိသည့်အတွက် ဖြစ်ပါသည်။

သမားရိုးကျစာသင်ခန်းတွင် ဆရာမကမေးသည့်အဖြေများကို ဖြေဆိုရန် လက်ထောင်သူမှာ အစဉ်အမြဲ ဖြေဆိုနေကျ တစ်ဦး၊ နှစ်ဦးခန့်စာသာ ရှိပါသည်။ စနစ်သစ်စာသင်ခန်းအတွင်း၌မူ ကျောင်းသားတစ်ဦးစီမှ ဖြေ ကြားမှုများရှိနေပါသည်။ ၄င်းမှာအလေးအနက်ထား ကျောင်းသားကို ဗဟိုပြုပါသည်။ ကျောင်းသားကိုယ်စီ တည်ဆောက်သကဲ့သို့ ပါဝင်ဆွေးနွေးပါသည်။ ၄င်းတို့သည် တစ်ဦး၏အကြံဉာဏ်နှင့် ဖြစ်စဉ်ဆိုင်ရာ ရှင်းလင်းပြော ကြားမှုများကို အပြန်အလှန် နားထောင်ပါသည်။ သို့ဖြစ်ရာကျောင်းသားတိုင်း ပူးပေါင်းပါဝင်ပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်၊ ဆက်စပ်လျက်ရှိပါသည်။ ၄င်းတို့သည် ပိုမိုစိတ်ပါဝင်စားမှု ရှိကာ၊ ၄င်းတို့၏သင်ယူမှုကို ၄င်းပိုင်ဆိုင်သည်ဟု ခံစားရပါသည်။ အတော်အတန်ရိုးရှင်း၍ အမှန်တကယ် ထိရောက်သောနည်းစနစ် ဖြစ်ပါသည်။ သင်ရိုးညွှန်းတန်းများအတွင်း သင်ယူမှုနည်းစနစ်ကို ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပါသည်။ အလေးအနက်ထားသင်ကြားခြင်းဖြင့် ဆက်သွယ်ခြင်း၊ ချင့်ချိန်နှိုင်းဆခြင်းနှင့် လေ့လာသင်ယူခြင်း ဖြစ်ပါသည်။

ပျော်ရွှင်ကစာမှုဖြင့် သင်ယူခြင်း ( Playful Learning ) နှင့်ဦးဆောင်လမ်းညွှန်မှုဖြင့် သင်ယူခြင်း ( Guided Learning ) နှစ်မျိုးလုံးမှာ မူကြိုအဆင့် သင်ကြားရေးတွင် လွန်စွာအရေးကြီးပါသည်။ ဆရာများ အနေဖြင့် ကလေးငယ်များအောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အရာကိုရှာဖွေသည့်အခါ သဘာဝချင်း ခြားနားမှုရှိသည့် ဗဟိုချက်များ / အဓိကအကြာင်းအရာများအလိုက် သင့်လျော်သည့်နည်းလမ်းကို အသုံးပြုရပါသည်။ ရေတွက်ခြင်း သို့မဟုတ်စာလုံးများရေးသားခြင်း ကဲ့သို့ ကိစ္စရပ်များတွင် မည်သည့်အဆင့်ထိ ဆောင်ရွက်နိုင်သည်ကို အကဲဖြတ်ရပါသည်။ ထို့ကြောင့်ဦးဆောင်လမ်းညွှန်မှုဖြင့် သင်ကြားခြင်းကိုလည်း တစ်စိတ်တစ်ဒေသ ထည့်သွင်းရခြင်းဖြစ်ပါသည်။ ခေတ်သစ်ပညာရေးက အဆိုပါခြားနားမှုရှိသည့် အဓိကအကြောင်းအရာများမှ မှန်းဆချက်ကို အမှန်တကယ်ထုတ်ယူပေးပါသည်။

Ref:
The Educated Child By William J. Bennett
21st Century Skills: Learning for Life in Our Time by Bernie Trilling and Charles Fadel
LEGO Serious Play

Leave a Reply