အပိုင္း (၂) စက္မႈေခတ္မွသည္ အသိပညာေခတ္ဆီသို႔

industrial_age_knowledge_age_bur

[Zawgyi]

အပိုင္း (၂) စက္မႈေခတ္သည္မွ အသိပညာေခတ္ဆီသို႔

စက္မႈေခတ္စီးပြားေရးမန္တိုင္သည္ သယံဇာတမ်ားကို အေျခခံျပီးကုန္ၾကမ္းမွ ကုန္ေျခာအျဖစ္သို႔ ထုတ္လုပ္ျခင္းျဖစ္သည္။ အသိပညာေခတ္တြင္ နည္းပညာတီထြင္မႈ၊ ကၽြမ္းက်င္မႈ၊ သတင္းအခ်က္အလက္ မ်ားကိုအေျခခံျပီး လူသားတို႔၏ လိုအပ္ခ်က္ဝန္ေဆာင္မႈမ်ားကို ေဆာင္ရြက္ျခင္းျဖစ္သည္။ အသိပညာေခတ္ တြင္ စက္မႈေခတ္အလုပ္အကိုင္မ်ား ေပ်ာက္ကြယ္သြားမည္ မဟုတ္ေသာ္လည္း အလိုေလ်ာက္ထုတ္လုပ္မႈ နည္းပညာမ်ား တိုးတက္ေသာ နိုင္ငံမ်ား (China, India and Brazil စေသာ) သို႔အလုပ္အကိုင္မ်ား ေရြ႕လ်ားကာ တိုင္းျပည္ထဲတြင္ စက္မႈ (စက္ရံု၊ အလုပ္ရံု) အလုပ္မ်ားရွားပါးျခင္း (သို႔) လုပ္ခ၊ လစာနည္းျခင္း တို႔ျဖင့္ေတြ႔ၾကံဳ ရေပမည္။ နိုင္ငံတစ္ခု တိုးတက္ရန္အတြက္ ၂၁ ရာစုေျပာင္းလဲမႈနွင့္ လိုအပ္ခ်က္မ်ားကို လိုက္၍ ပညာေရးကို ျပဳျပင္ ေျပာင္းလဲရန္အထူးပင္ လိုအပ္ပါသည္။

ျမန္မာနိုင္ငံသည္ အထက္ပါေခတ္နွစ္ေခတ္ ၾကားတြင္လက္ရွိတည္ရွိေနပါသည္။ ထုတ္လုပ္မႈနည္းပညာ ထြန္းကား ေသာႏိုင္ငံမ်ားနွင့္ ရင္ေဘာင္တန္းနိုင္ရန္နွင့္ ရင္းနွီးျမဳပ္နွံမႈနည္းနည္းျဖင့္ လူသားအရင္းအျမစ္မ်ားကို ထုတ္ေဖာ္ရန္လိုပါသည္။ သယံဇာတမ်ား ထုတ္လုပ္ရာတြင္လည္း နည္းပညာ တိုးတက္ထြန္းကားျပီး ကုန္ၾကမ္းမွ ကုန္ေခ်ာအထိထုတ္လုပ္ကာ ကမာၻ႕ေစ်းကြက္ကို ထြင္းေဖါက္၊တီထြင္နိုင္ရန္ လိုအပ္ပါသည္။ ထိုသို႔ေသာလိုအပ္ခ်က္မ်ားကို ျဖည့္စည္းရာတြင္ ၂၁ ရာစု အရည္အခ်င္းမ်ားနွင့္ျပည့္စံုေသာ အသိပညာ၊ အတတ္ပညာရွင္မ်ား၊ သုေတသီမ်ား၊ ထိုးထြင္းတီထြင္တတ္သူမ်ား အထူးပင္ လိုအပ္ပါသည္။

ထိုသို႔ေသာပညာရွင္မ်ားေမြးထုတ္ရန္ အသိပညာထြန္းကားေသာနိုင္ငံအျဖစ္သို႔ ကူးေျပာင္းရာတြင္ ၂၁ ရာစုပညာေရးသည္အဓိကအခန္းက႑မွ ပါဝင္ပါသည္။ အဆင့္ဆင့္ေသာျပဳျပင္ေျပာင္းလဲမႈမ်ားကို ေစာင့္ဆိုင္းမေနပဲ မိဘမ်ား နွင့္ဆရာမ်ားသည္ အဖက္ဖက္မွ ဝိုင္းဝန္းကူညီၾကိဳးပန္းရမည္။ စက္မႈေခတ္ ပညာေရးကဲ့သို႔ ေစာင့္ဆိုင္း ေရြးခ်ယ္ခံဖို႔ မလိုေပ။ ၂၁ ရာစုေျပာင္းလဲမႈမ်ားနွင့္ လိုအပ္ခ်က္မ်ားလ်င္ျမန္စြာ ျဖစ္ေပၚေန၍ ၂၁ ရာစုပညာေရးကိုလည္း အလ်င္အျမန္ အေကာင္အထည္ေဖာ္ရန္နွင့္ မိဘဆရာမ်ားသည္ တက္တက္ၾကြၾကြျဖင့္ ပါဝင္နႈိးေဆာ္ရန္ အထူးပင္လိုအပ္ပါသည္။

[Unicode]
အပိုင်း (၂) စက်မှုခေတ်သည်မှ အသိပညာခေတ်ဆီသို့
စက်မှုခေတ်စီးပွားရေးမန်တိုင်သည် သယံဇာတများကို အခြေခံပြီးကုန်ကြမ်းမှ ကုန်ခြောအဖြစ်သို့ ထုတ်လုပ်ခြင်းဖြစ်သည်။ အသိပညာခေတ်တွင် နည်းပညာတီထွင်မှု၊ ကျွမ်းကျင်မှု၊ သတင်းအချက်အလက် များကိုအခြေခံပြီး လူသားတို့၏ လိုအပ်ချက်ဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်းဖြစ်သည်။ အသိပညာခေတ် တွင် စက်မှုခေတ်အလုပ်အကိုင်များ ပျောက်ကွယ်သွားမည် မဟုတ်သော်လည်း အလိုလျောက်ထုတ်လုပ်မှု နည်းပညာများ တိုးတက်သော နိုင်ငံများ (China, India and Brazil စသော) သို့အလုပ်အကိုင်များ ရွေ့လျားကာ တိုင်းပြည်ထဲတွင် စက်မှု (စက်ရုံ၊ အလုပ်ရုံ) အလုပ်များရှားပါးခြင်း (သို့) လုပ်ခ၊ လစာနည်းခြင်း တို့ဖြင့်တွေ့ကြုံ ရပေမည်။ နိုင်ငံတစ်ခု တိုးတက်ရန်အတွက် ၂၁ ရာစုပြောင်းလဲမှုနှင့် လိုအပ်ချက်များကို လိုက်၍ ပညာရေးကို ပြုပြင် ပြောင်းလဲရန်အထူးပင် လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် အထက်ပါခေတ်နှစ်ခေတ် ကြားတွင်လက်ရှိတည်ရှိနေပါသည်။ ထုတ်လုပ်မှုနည်းပညာ ထွန်းကား သောနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန်နှင့် ရင်းနှီးမြုပ်နှံမှုနည်းနည်းဖြင့် လူသားအရင်းအမြစ်များကို ထုတ်ဖော်ရန်လိုပါသည်။ သယံဇာတများ ထုတ်လုပ်ရာတွင်လည်း နည်းပညာ တိုးတက်ထွန်းကားပြီး ကုန်ကြမ်းမှ ကုန်ချောအထိထုတ်လုပ်ကာ ကမ္ဘာ့စျေးကွက်ကို ထွင်းဖေါက်၊တီထွင်နိုင်ရန် လိုအပ်ပါသည်။ ထိုသို့သောလိုအပ်ချက်များကို ဖြည့်စည်းရာတွင် ၂၁ ရာစု အရည်အချင်းများနှင့်ပြည့်စုံသော အသိပညာ၊ အတတ်ပညာရှင်များ၊ သုတေသီများ၊ ထိုးထွင်းတီထွင်တတ်သူများ အထူးပင် လိုအပ်ပါသည်။
ထိုသို့သောပညာရှင်များမွေးထုတ်ရန် အသိပညာထွန်းကားသောနိုင်ငံအဖြစ်သို့ ကူးပြောင်းရာတွင် ၂၁ ရာစုပညာရေးသည်အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ အဆင့်ဆင့်သောပြုပြင်ပြောင်းလဲမှုများကို စောင့်ဆိုင်းမနေပဲ မိဘများ နှင့်ဆရာများသည် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြိုးပန်းရမည်။ စက်မှုခေတ် ပညာရေးကဲ့သို့ စောင့်ဆိုင်း ရွေးချယ်ခံဖို့ မလိုပေ။ ၂၁ ရာစုပြောင်းလဲမှုများနှင့် လိုအပ်ချက်များလျင်မြန်စွာ ဖြစ်ပေါ်နေ၍ ၂၁ ရာစုပညာရေးကိုလည်း အလျင်အမြန် အကောင်အထည်ဖော်ရန်နှင့် မိဘဆရာများသည် တက်တက်ကြွကြွဖြင့် ပါဝင်နှိုးဆော်ရန် အထူးပင်လိုအပ်ပါသည်။

Leave a Reply